Local News

မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်နီအရောင်းအဝယ်သွက်ကာ စျေးကောင်းရနေ

Last Updated:

ကြက်သွန်နီအရောင်းအဝယ်သွက်ကာ စျေးကောင်းရနေ

 

  မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာ ဒေသများတွင် ယခုနှစ်တွင် ကြက်သွန်နီစိုက်ဧကလည်း နည်းသလို အထွက်နှုန်းလည်း နည်းနေသည့်အပြင် မိုးထိခဲ့တာကြောင့် အရည်အသွေးကောင်း ကြက်သွန်နီများ ရှားပါးကာ လှောင်လက်များက အရည်အသွေးကောင်း ကြက်သွန်များကိုသာ ဝယ်ယူသိုလှောင်ကြတာကို တွေ့ရပါတယ်။ လှောင်လက်များဝယ်ယူမှု များခြင်းကြောင့်တစ်ကြောင်း၊ ပြည်ပဝယ်လိုအားကြောင့်တစ်ကြောင်း စျေးနှုန်းမြင့်တက်လာတာကို တွေ့ရပြီး ယခင်နှစ်ကာလတူတွင် တစ်ပိဿာလျှင် ကျပ်(၄၅ဝ)ဝန်းကျင်သာ စျေးရရှိခဲ့ရာ ယခုနှစ်မှာတော့ ကျပ်(၁ဝဝဝ)ကျော်အထိ စျေးကောင်းရရှိနေပြီး စျေးကွက်ထဲတွင် လက်ကျန်လည်းနည်းလာချိန်၊ အရောင်းအဝယ်လည်း သွတ်ချိန်ဖြစ်၍ လှောင်လက်များကတော့ စျေးအမြင့်ဆုံးကို စောင့်နေကြာတယ်လို့ ကြက်သွန်နီ ကုန်သည်တစ်ဦးထံမှ သိရှိရပါတယ်။

          ပခုက္ကူကြက်သွန်နီကိုတော့ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများသို့ တင်ပို့ရောင်းချလျှက်ရှိရာ တစ်နေ့လျှင် ပိဿာချိန်(၁ဝဝဝဝဝ)ဝန်းကျင် ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရတယ်။ ဆိပ်ဖြူကြက်သွန်နီ ကိုတော့ မန္တလေး၊မူဆယ်နှင့် ရခိုင်ပြည်နယ်တို့အထိ တင်ပို့ရောင်းချလျှက်ရှိပြီး တစ်နေ့လျှင်ပိဿာချိန် (၁ဝဝဝဝ)နှင့် (၂ဝဝဝဝ)ကြား ဝင်ရောက်ကာ အရောင်းအဝယ် ဖြစ်နေတာကို တွေ့ရပါတယ်။

Category: Local News